Personal Branding က လုပ်သင့်ရဲ့လား

ကိုယ်ကကောင်းတယ်လည်းမပြောချင်သလို မကောင်းဘူးလည်းမပြောချင်ဘူး…ဒါကခုချက်ချင်း အဖြေပေါ်တာမျိုးမဟုတ်တဲ့အတွက် လက်ရှိမှာငြင်းနေရင် လေကုန်ရုံပဲရှိမယ်…ဒါပေမယ့် ဒါနဲ့ပတ်သတ်ရင်တော့ပြောစရာအချက်တွေရှိတယ်

1. ကျွန်တော် မနှစ်က နို၀င်ဘာမှာ ကိုယ့်နာမည်နဲ့ကိုယ် Page စထောင်ပြီး Marketing Knowledge တွေသိသလောက်ပြောတယ်…အဲ့အခါ နှစ်လလောက်နေတော့ အတူတူလိုက်လုပ်ကြသူတွေပေါ်လာတယ်…ကျွန်တော့်ထက်အရင်လုပ်သူတွေလည်းရှိတယ်..နောက် ခြောက်လကြာတဲ့အခါမှာ 15 ယောက် List ထဲမှာ လူ လေးယောက်လောက်ပဲကျန်ခဲ့တယ်…

ဒါကရေရှည်ခရီးစဉ်ဖြစ်တော့ လူတိုင်းမလုပ်နိုင်ဘူး…

2. ကျွန်တော့် Page နာမည်ဆို ကျွန်တော့်နာမည်စိုင်းလူရှားဆိုပြီး ပေးခဲ့တယ်…

အဲ့မှာ လူနှစ်မျိုးကိုသွားတွေ့တယ်…တစ်ပိုင်းကကျတော့ သူတို့မသိတာတွေသိရတယ်ဆိုပြီး ထောက်ခံတယ်..အားပေးတယ်..

နောက်တစ်ပိုင်းက ငါတို့လည်းသိပြီးသားကို ဒီကောင်ကဆရာကြီးလုပ်တယ်ဆိုပြီး ကြိတ်ဟားကြပါလေကော..တကယ်တမ်းက ကိုယ်ကလည်းသူတို့အတွက်ရေးတာမှ မဟုတ်တာ..မသိတဲ့သူတွေကိုပဲ ဦးတည်တယ်‌ဆိုတော့ ဂရုမစိုက်ခဲ့ဘူးရယ်..

ဒါပေမယ့် ခုလို Personal Branding စလုပ်သူတော်တော်များများက အစပိုင်းမှာ လူတွေငါ့ကို ဝိုင်းရီကြမလားဆိုတာ စိုးရိမ်ကြတယ်…

ရီတာကတော့ ကျွန်တော်လည်း ခင်ဗျားသောက်တလွဲလုပ်ရင် ရီမှာပဲ…ဒါပေမယ့် ကျွန်တော်ရီလိုက်တာက ခင်ဗျားကိုရပ်တန့်သွားစေတယ်ဆိုရင်တော့ ခင်ဗျားအသုံးမကျတာပဲ…

3. တကယ်တမ်း လူတွေကြားထဲကို ကိုယ့်နယ်ပယ်နဲ့ပတ်သတ်တဲ့ Content တွေ နှစ်ရှည်လများ ထုတ်လွှတ်တာက ပျင်းစရာကောင်းတယ်ထင်ရမယ်…ဒါပေမယ့် အကျိုးစီးပွားက သူတို့တစ်ခုခုလိုအပ်တဲ့အချိန်မှာ ကျန်တဲ့လူကိုသတိမရတော့ဘူး…Personal Brand ကောင်းတဲ့သူကို သွားသတိရတယ်…

တကယ်တမ်း ကျွန်တော့် Page ကနေရှာပေးခဲ့တယ် ပိုက်ဆံဆိုတာ မနည်းဘူး…တော်တော်ကိုများတာ…

ဒီတော့ ကောင်းတယ် မကောင်းဘူး ဘာမှမပြောဘူး…လုပ်ချင်တာ မလုပ်ချင်တာကတော့ ကိုယ့်သဘောပေ့ါလေ…ကျွန်တော်ကတော့ ကူညီနိုင်တာ ကူညီပေးရုံ..ခုမှစလုပ်မယ့်သူအတွက် တစ်ခုခုဝေမျှပေးချင်ရုံပါပဲ…

Call Now Button
×