ကိုယ့်ရဲ့ Marketing က ဘယ်အဆင့်မှာရောက်နေပြီလဲ

တလောက Prof. Philip Kotler ရဲ့ပွဲကို Marketing လုပ်ပေးရတဲ့အခါ သိလိုက်ရတာက ကျွန်တော်တို့နိုင်ငံရဲ့ သုံးစွဲပုံအမူအကျင့်တွေဟာ တခြားသောနိုင်ငံတွေနဲ့ဆိုရင် ကွဲပြားခြားနားတာကို တွေ့ရတုန်းပဲ…

Prof. Kotler ပြောသွားတာနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ချိန်ထိုးပြီးစဉ်းစားကြည့်ရအောင်…ဒါမှလိုအပ်နေတာတွေကို အမှီလိုက်လို့ရမှာပေါ့…

Prof. Kotler ပြောသွားတာဆိုရင် Marketing Focus က အောက်ပါအတိုင်း ပြောင်းလဲလာတယ်လို့ ဆိုဖွယ်ရာရှိတယ်…

1950 – 1970 Product Orientation
1970 – 1990 Customer Orientation
1990 – 2010 Branding Orientation
2010 – 2015 Digital Orientation
2015 – 2020 Social & Value Orientation

ဒီတော့ ကျွန်တော်တို့အနေအထားနဲ့ပြန်လည်ချိန်ထိုးကြည့်တဲ့အခါ ကျွန်တော်တို့နိုင်ငံက လုပ်ငန်းတိုင်းဟာ Product ကိုတော့ Focus ထားရမယ်ဆိုတဲ့အဆင့်ကို ကျော်လွန်ပြီးပြီလို့ပြောလို့ရတယ်…

နောက်တစ်ဆင့်တက်ရရင် Customer Orientation အဆင့်မှာ လုပ်ငန်းတိုင်းဟာ ပါမလာသေးဘူး…စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တယ်…လူတွေလာစားကြတယ်…ပြန်ထွက်သွားတဲ့အခါ ဘယ်နှယောက်ကပျော်ရွှင်စွာစားသောက်ပြီးပြန်သွားတယ်…ဘယ်နှယောက်ကတော့ ဒီလ Complaint ရှိတယ်…လကုန်တဲ့အခါ လိုအပ်နေတဲ့ Service ကိုထပ်ဖြည့်မယ်…ဒါမျိုးကို လုပ်ငန်းတိုင်းလုပ်နိုင်ပြီလားဆိုရင် ကျွန်တော်‌တော့ မထင်ဘူး…

နောက်တစ်ခုက ထုတ်လိုက်တဲ့ Product က ပိုင်ရှင်ကြိုက်လို့ထုတ်တာလား…ဝယ်သူလိုအပ်တာကို ထုတ်တာလားဆိုတာကလည်း မေးစရာမေးခွန်းတစ်ခုပဲ…

Branding Orientation

ဟုတ်ပြီ…Branding လို့ပြောလိုက်ရင်ကော စနစ်တကျတည်ဆောက်နေတာ ဘယ်လောက်များနေပြီလဲဆိုတာ ကျွန်တော်တို့ တစ်ချက်သုံးသပ်ဖို့လိုမယ်…Branding ဆိုလိုက်ရင် ကျွန်တော်တို့က ကိုယ့်လုပ်ငန်းကို နောက် ၅ နှစ်နေတဲ့အခါ လူတွေဘယ်လိုမြင်စေချင်လဲဆိုတာကို သေချာစဉ်းစားပြီး အဲ့အတိုင်းတည်ဆောက်ဖို့လိုအပ်တယ်…ပြီးရင် အပြောနဲ့အလုပ် အရမ်းညီရတယ်…ကိုယ်က ရန်ကုန်မြို့ရဲ့အကောင်းဆုံးဆိုပြီး Billboard ကြီးမှာ ပြူးနေအောင်ရေး…ဆိုင်ကိုတကယ်လာတော့ ဝန်ထမ်းက စိတ်ကောက်နေတဲ့ရုပ်နဲ့ တည်ခင်း…အစားအသောက်ကညံ့အစရှိသဖြင့် အဆင်မပြေရင် မရဘူးလေနော်…ကိုယ်လုပ်နိုင်သလောက်ကိုပဲ ကြော်ငြာပြီး ဆွဲဆောင်တာကောင်းပါတယ်…

Digital Orientation

ကျွန်တော့်အနေနဲ့ကတော့ ဒီနေရာမှာ Google တွေ Facebook တွေ..ဘယ်ဟာကပိုကောင်းတယ်တွေ မအာချင်ဘူးရယ်…အဓိကက Customer ပဲ…Customer ရှိတဲ့နောက် Marketer က လိုက်ရမှာပဲ…ဒီတော့ ကျွန်တော်တို့ Facebook ပေါ်မှာဆိုရင်ပဲ ကြော်ငြာတွေက Customer တွေအတွက် I am aware, but I don’t care ဆိုတဲ့ ads တွေက အများကြီး…နောက်တစ်ခုက Awareness ကနေ နောက်တစ်ဆင့် Consideration – Purchasing – Advocacy ကို ဘယ်လိုသွားမယ်ဆိုတဲ့ Funnel ကိုလည်း အကုန်လုံးလိုက်မလုပ်နိုင်သေးဘူးရယ်..ဒီဘက်ခေတ်မှာ အနည်းဆုံးဒီလောက်တော့ လုပ်တတ်နေသင့်ပြီ..Lead Generation တစ်ခုကို ကောင်းကောင်းဆွဲပြီး လုပ်တတ်သင့်နေပြီ…

နောက်ဆုံးတစ်ခုဖြစ်တဲ့ Social & Value ကတော့ ခုကနေစပြီး အနာဂါတ်ရဲ့ Markeitng လို့ ကျွန်တော်ကတော့ မြင်မိတယ်…မုန့်ဟင်းခါးတစ်ပွဲကို ၇၅၀၀ တောင်းမယ်…စားကြမလား…

အဲကွန်းခန်းထဲမှာစားရမယ်..ပန်းကန်က အရမ်းလှမယ်…ဖွင့်ထားတဲ့သီချင်းကကောင်းနေမယ်…ရမယ့်အနံ့က ဆာလောင်စေတဲ့စိတ်ကိုဖြစ်ပေါ်မယ်…ထိုင်ရတဲ့ထိုင်ခုံက သက်တောင့်သက်သာရှိမယ်…စားပွဲက ကျွန်းသားအစစ်ကိုသုံးထားတယ်…စားနေတဲ့နေရာကနေရှေ့ကိုကြည့်လိုက်ရင် ကြည်လင်တဲ့ရေကန်ရှိမယ်..

ကဲ မုန့်ဟင်းခါးချည်းပဲဆိုရင်တော့ ၇၅၀၀ မပေးပေမယ့် ဒီ Value တွေသာရမယ်ဆိုစားချင်စားကြမှာပေါ့လေ…

ဒီတော့ ကျွန်တော်မေးချင်တာက တစ်ခုတည်း…

ခင်ဗျားလုပ်ငန်းကော ဘယ်နေရာရောက်ပြီလဲ…

Call Now Button
×