ကိုယ့် Customer အကြောင်း ဘယ်လောက်သိလဲ

တခါက client တစ်ယောက်က သူ့ ပြည်တွင်း Tour package တွေအရောင်းကျတယ်..လူငယ်တွေကို ဖိရောင်းပေမယ့် ထင်သလောက်အလုပ်မဖြစ်ဘူး…

ဒီတော့ ကျနော်လည်း သိသလောက် အကြံပေးဖြစ်တယ်…

ဒီဘက်နှစ်တွေပိုင်းမှာ လူငယ်တွေခရီးသွားတဲ့ပုံစံက သိသိသာသာပြောင်းလာတယ်..Market ကပြောင်းလာတဲ့အခါမှာ Marketeer တွေ owner တွေက ဒါကိုလျစ်လျူရှုလို့မရသလို အပြစ်ပြောလို့မရတော့ဘူး…

ဥပမာဆိုရရင် လူငယ်နှစ်ယောက် ပုဂံသွားဖို့စီစဉ်တယ်ဆိုရင် အရင်ကလို 45 ယောက်စုထွက်တဲ့ Program ကြီးကို သွား join တယ်ဆိုတာ ရှားသွားပြီ…

သူတို့အနေနဲ့ လုပ်လေ့ရှိတာတွေက Travel blogger တွေရဲ့ review တွေကိုဖတ်နိုင်ခြေရှိမယ်…ဟိုတယ်တွေရဲ့ Promotion တွေကို လိုက်ကြည့်မယ်..ရေကူးကန်ကောင်းမကောင်း ဓါတ်ပုံရိုက်လို့ လှမလှ…တကယ်သွားတဲ့အခါမှာလည်း ကားနဲ့သွားတာထက် Ebike နဲ့ လည်မယ်..အစားအသောက်အတွက်ကိုလည်း review တွေကို ရှာဖတ်မယ်..ကိုယ်တိုင်သွားစားကြည့်မယ်…ပုဂံက ဘုရားကြို ဘုရားကြားမှာ ဓါတ်ပုံရိုက်ဖို့ဆိုရင် လမ်းကျဉ်းတွေကို၀င်ဖို့ Ebike ကိုပဲရွေးမယ်…

ဒီတေ့ာ Customer touch point တွေကို လိုက်ကြည့်မယ်ဆိုရင် Travel & Tours တွေရဲ့ အခန်းကဏ္ဌက သိသိသာသာလျှော့လာတယ်…ဘတ်စ်ကားလက်မှတ်၀ယ်မယ်ဆိုရင် mmbus မှာ ခုံနေရာကအစ တစ်ခါတည်းရွေးလို့ရမယ်..လေယာဉ်ကို flymya မှာ တစ်ခါတည်း၀ယ်လို့ရမယ်..ဟိုတယ်ကို FB ကနေရှာပြီး တိုက်ရိုက်တန်းချိတ်လို့ရမယ်…Ebike ကို ဟိုတယ်ကနေငှားလို့ရမယ်…ဘာကြောင့်များ Tour company ကို ပိုက်ဆံပေးပြီး ငှားမလဲဆိုတာက မေးခွန်း…

ဒါတွေကိုကြည့်ရင် လူငယ်တွေကိုဆက်ပြီး Target ထားမထားဆိုတာ ပုစ္ဆာတစ်ခုဖြစ်လာတယ်…ဒီလောက်ဆိုရင် ကျွန်တော်တို့ရဲ့ စဉ်းစားခန်းမှာ Customer က ဘယ်လောက်အရေးကြီးတာ သိရောပေါ့လေ…

တကယ်တမ်းကတေ့ာ ကိုယ့် Marketing plan အလုပ်မဖြစ်ရင် သူများလိုက်မမေးနဲ့..ကိုယ့် customer ကိုသာလိုက်ကြည့်..လုံး၀လွဲစရာမရှိဘူးရယ်…

Call Now Button
×