ကိုယ့်ရဲ့ကြော်ငြာတွေ လူစိတ်ဝင်စားဖို့ဆိုရင်

ဒီနေ့ Social Media မှာ လူစိတ်ဝင်စားစေမယ့် အချက်တွေနည်းနည်းလောက်ဖောက်သည်ချချင်ပါတယ်။ ကျွန်တေ်ာပြောမှာက အားလုံးကို ခြုံပြီး (စောင်တော့မဟုတ်)ပြောမှာဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ ဆန်းစစ်ပြီးမှ ယုံသင့်ပါတယ်။

(1) One Photo One Message is the best ပါ…ပုံမှာ စာတွေကော၊နေ့ရက်တွေကော၊ဈေးနှုန်းတွေကော၊ အကုန်အစုံထည့်မှရမယ်ဆိုတဲ့ခေတ်က ကျန်ခဲ့ပြီလို့ပဲ ဆိုချင်ပါတယ်။ အဲ့ အချက်အလက်တွေအကုန်လုံး content ထဲမှာ ထည့်ရေးရင် ရနေတာပဲဆိုတော့ အကောင်းဆုံးက ပုံမှာစာတစ်ကြောင်းလောက်နဲ့ content ကို ဖတ်ဖို့ဆွဲဆောင်စေမယ့်. Headline. နဲ့သွားပါ။

(2) Design က အသက်ပါ။ ကိုယ်တောင်မှ ဘဲချောချောလေး စော်ချောချောလေးကို ပိုကြည့်ချင်တယ်ဆိုရင် customer တွေကိုလည်း design လှလှလေးတွေနဲ့ ဆွဲဆောင်သင့်တာပေ့ါ။

(3) စာကို ဝယ်သူအတွက် ဦးတည်ပြီးအမြဲရေးပါ။ ဥပမာ ကျွန်တေ်ာတို့က ခင်ဗျားတို့အတွက် ဒါတွေလုပ်ပေးနိုင်ပါတယ်ဆိုပြီး ကိုယ့်အကြောင်းကနေစပြောတာထက်စာရင် သင်ဆိုတဲ့စကားလုံးနဲ့စကြည့်ပါ။ သင့်လုပ်ငန်းအတွက်…သင့်အသားအရေအတွက်..သင့်အခက်အခဲတွေအတွက် အစရှိသဖြင့် စကားလုံးတွေနဲ့ စမယ်ဆိုရင် လူတွေက သူတို့ကိုတိုက်ရိုက်ပြောနေတယ်လို့ ခံစားရတဲ့အတွက် ဖတ်ဖြစ်ပါတယ်။ (ဒါပေမယ့် ဒါကလူတိုင်းကိုတော့ မဆွဲဆောင်နိုင်လောက်ပါဘူး..၁၀ ယောက်မှာ ၈ ယောက်လောက်ပဲ အလုပ်ဖြစ်ပါမယ်..စကားချပ် )

(4) ထပ်ခါ ထပ်ခါဒါပဲသုံးတာကို ရှောင်ပါ။ ဒါကတော့ ကျွန်တေ်ာကိုယ်တိုင် တခါတလေ content အသစ်ရေးရမှာ ပျင်းလို့ ပုံအသစ်သုံးရမှာ ပျင်းလို့ဆိုပြီး အရင်တုန်းက performance ကောင်းတဲ့ဟာတွေကို ပြန်ရှာပြီး boost လုပ်ကြည့်ဖူးတယ်…Feedback ပြန်ကြားရတာတေ့ာ တစ်ခေါက်မြင်ပြီးသားဆိုတော့ ကြည့်ပြီးသားဆိုပြီး ဆက်မကြည့်တော့ပါဘူးတဲ့…ဒီတော့ ထပ်ခါ သုံးမယ်ဆိုလုံး၀ အသစ်ဖြစ်တဲ့audience ကိုပဲရှာပါပေါ့လေ..

ဒီလောက်လေးပဲအရင်လိုက်လုပ်ကြည့်ကြပါ…အကျိုးထူးမှာပါ…

Call Now Button
×