Free Knowledge · Authority

အမြဲတမ်း တွန်းပြီး မရောင်းချင်ရင် ဒီ Strategy ကို သုံးပါ

လူတော်တော်များများက Content Marketing ရဲ့ ရည်ရွယ်ချက်က

Reach များဖို့…

Like များဖို့…

Sales တက်ဖို့…

လို့ ထင်ကြတယ်။

ဒါပေမယ့်

အဲဒါက Content Marketing မဟုတ်ပါဘူး။

အဲဒါက

Attention Marketing ပါ။

Attention ဆိုတာက ကုန်သွားတတ်တယ်…

ဒီနေ့ရတဲ့ Attention က ဘယ်လောက်ကြာကြာခံမလဲ…

တစ်ပတ်လား…၁၀ ရက်လား…

လုပ်ငန်းတစ်ခုကြီးထွားဖို့ဆိုရင်တော့ အဲ့ဒီ Attention နဲ့ မလုံလောက်တော့ဘူး…

Attention Marketing အတွက်ဆိုရင် ဘာတွေလုပ်ကြလဲဆိုတော့

ပို့စ်တင်မယ်… Boosting လုပ်မယ်…

Reach များအောင် Boosting လုပ်မယ်…

ဈေးရောင်းရအောင် Boosting လုပ်မယ်…

တခါတလေ Engagement ရအောင် Lucky Draw ထည့်မယ်…

ဒါတွေက ပြီးခဲ့တဲ့ ၈ နှစ်လောက်အတွင်းမှာ ခေတ်စားခဲ့တဲ့ အရာတွေပါပဲ…

ခုနောက်ပိုင်းမှာတော့ TikTok ကလည်း ခေတ်စားလာတဲ့အတွက်

ရယ်ရတဲ့ Content တွေ ဖန်တီးမယ်…

ကတဲ့ Content တွေဖန်တီးမယ်…

တချို့က မိန်းကလေးတစ်ယောက်ရဲ့ ရင်သားနဲ့ တင်သားကို အသားပေးတဲ့ Content တွေနဲ့ ဆွဲဆောင်မယ်…

ဒီလိုကနေ အရောင်းရဖို့ ကြိုးစားကြမယ်…

ဒါတွေက ဒီဘက်ခေတ်မှာ အသုံးများတဲ့ Attention Marketing ရဲ့ အနှစ်ချုပ် အခြေအနေလို့တောင် ပြောလို့ရပြန်ပါတယ်…

ဒါမျိုးတွေက လူသုံးအရမ်းများပြီး Customer က ဒီ Product တစ်ခုဝယ်ဖို့အတွက် အရမ်းမစဉ်းစားရတဲ့ Product တွေမှာ အဆင်ပြေကောင်းပြေနိုင်ပါတယ်…ဒီလို Product တွေမှာတောင် Product ပေါ်မူတည်ပြီး ဟာသ နဲ့ Sexual Connection ကို ထည့်သင့် မထည့်သင့်ဆိုတာ စဉ်းစားရပါတယ်…

ဒါပေမယ့် Customer က ဝယ်ဖို့စဉ်းစားတဲ့အခါ အချက်အလက်တွေပိုလိုလာရင်တော့ ကျွန်တော်တို့ သေချာတည်ဆောက်ထားတဲ့ Marketing System ဆိုတာ ရှိဖို့လိုအပ်လာပါပြီ။

ဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်လိုက်ရအောင်…

ကျွန်တော်တို့ Marketing လုပ်ကြတယ်ဆိုတာ အရောင်းရဖို့ထက် Authority ကို ဖန်တီးတာပါ…

အရောင်းရတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်…

ဒါပေမယ့် အမြဲတွန်းရောင်းနေရရင် မကောင်းဘူးမလား…

Authority ဖန်တီးတယ်ဆိုတာကတော့ ကိုယ်က အတင်းတွန်းရောင်းစရာမလိုဘဲ ကိုယ့် Brand နာမည်ကြားလိုက်တာနဲ့ ဝယ်ဖို့ ယုံကြည်ချင်စိတ်ကို ဖန်တီးတာပါ…

သင်က လုပ်ငန်းရှင်တစ်ယောက်ဆိုရင်

အမြဲတွန်းရောင်းတာနဲ့ Authority ကို ဖန်တီးတာ…

ဘယ်ဟာကို လိုချင်လဲ…

ဒီမေးခွန်းရဲ့ အဖြေကပဲ ဆက်လုပ်ရမယ့် အလုပ်တွေကို ဆုံးဖြတ်ပေးသွားမှာပါ…

Authority လိုချင်သူတွေအနေနဲ့ ဘာတွေစလုပ်ရမလဲဆိုတာကိုတော့ ဒီ ၅ ချက်နဲ့ပြောပေးသွားပါမယ်…

၁။ Post တစ်ပုဒ်နဲ့ မပြီးပါနဲ့…

Content တစ်ပုဒ်တင်ပြီးတဲ့အခါ Customer ကို ဘာလုပ်ခိုင်းမလဲဆိုတာ စဉ်းစားပါ…

ကိုယ်က Video အတို or ပို့စ်အတိုလေးနဲ့ဆွဲဆောင်ပြီးရင်

ကိုယ့်အကြောင်း ထဲထဲဝင်ဝင် သိဖို့ နေရာတစ်ခုကို ဖန်တီးထားရပါမယ်…

Newsletter လား…Facebook Group လား…Video အရှည်လား…Website လား…ကိုယ်စဉ်းစားထားမယ့်အရာတစ်ခုခုပေါ့…

ယုံကြည်မှုဆိုတာ Post တစ်ပုဒ်ထဲကနေ တည်ဆောက်လို့ မရပါဘူး…

Customer နဲ့ ကိုယ်နဲ့ကြားမှာ အချိန်ကာလတစ်ခုကို ဖြတ်သန်းရင်း တည်ဆောက်ရတာပါ…

၂။ Like များတိုင်း ယုံကြည်မှု များတာ မဟုတ်ပါဘူး…

Video အတိုလေးတွေက ကိုယ့်ကို လူတွေများများ သိအောင် လုပ်ပေးပါလိမ့်မယ်…

ဒါပေမယ့်

လူတွေက ကိုယ့်ကို ယုံကြည်လာအောင် လုပ်ပေးတာက Deep Content တွေပါ…

အဲ့ဒီ Deep Content တွေမှာ ကိုယ့်အကြောင်းကို သေချာသိတဲ့သူတွေက ကိုယ့် Customer ဖြစ်လာဖို့ ပိုလွယ်ပါတယ်…

Attention ကနေစပြီး ယုံကြည်မှုနဲ့ အဆုံးသတ်ပါ…

၃။ ပေါက်တဲ့ Content ကို ဖန်တီးဖို့ပဲ အမြဲမတွေးပါနဲ့…

တချို့ Brand တွေက…

တစ်ပုဒ်ပေါက်သွားရင် အောင်မြင်ပြီလို့ ထင်ကြတယ်…

တကယ်တော့…

ယုံကြည်မှုက Viral ဖြစ်တဲ့ Content တစ်ပုဒ်တည်းနဲ့ မလာပါဘူး…

တကယ်ယုံကြည်ရတယ်ဆိုတာကို နေ့စဉ်နေ့တိုင်း နည်းလမ်းပေါင်းစုံနဲ့ ပြောပြနေဖို့ လိုပါတယ်…

၄။ လူတိုင်းအတွက် မရေးပါနဲ့…

ယုံကြည်မှုရချင်ရင်…

ကိုယ့်နယ်ပယ်ကို ရွေးရတယ်…

ပြီးရင်…

အဲဒီအကြောင်းကိုပဲ…

ထပ်ခါထပ်ခါ ပြောရတယ်…

“ဒီအကြောင်းဆို ဒီ Brand”

လို့ လူတွေ တွေးမိတဲ့အထိ ရေးပါ… ဖန်တီးပါ…

အကြောင်းအရာတစ်ခု မတွေ့ခင်မှာ စမ်းသပ်လို့ရပါတယ်…

တွေ့သွားရင်တော့ အဲ့ဒီလမ်းကြောင်းပေါ်ကိုပဲ လိုက်ပါ…

၅။ Customer ကြော်ငြာပေးတာ အယုံကြည်ရဆုံး Marketing ပါ…

ဝယ်ပြီးတဲ့ Customer ကို…

ပစ်မထားပါနဲ့…

သူတို့ စိတ်ကျေနပ်ရင်…

သူတို့က ကိုယ့်အစား လိုက်ကြော်ငြာပေးပါလိမ့်မယ်…

Customer တွေ ကောင်းတယ်လို့ တစ်သံတည်း ထွက်တဲ့ Brand က…

တိုးတက်ဖို့ ပိုမြန်ပါတယ်…

အနှစ်ချုပ်

Marketing ဆိုတာ လူသိအောင်ပဲလုပ်တာမဟုတ်ပါဘူး…

လူတွေ ယုံကြည်လာအောင်ပါ လုပ်ရတာပါ…

အဲဒီယုံကြည်မှုက

Post တစ်ပုဒ်ထဲနဲ့ဖြစ်မလာဘူး…

စနစ်တကျ ချိတ်ဆက်ထားတဲ့ Content တွေကနေ လာတာပါ…

သင့် Marketing System တကယ် ဘယ်လောက်ခိုင်မလဲ သိချင်ရင် Store မှာ စစ်ဆေးကြည့်လို့ရပါတယ်။

See you!