Free Knowledge · Innovation

လုပ်ငန်းတွေ ဘယ်လို innovation လုပ်ကြမလဲ

Product အသစ်ဘယ်လိုဖန်တီးမလဲ

လူတိုင်းက အသစ်တွေ လုပ်ချင်ကြတယ်။

Product အသစ်တွေထုတ်တယ်။

Feature အသစ်တွေထည့်တယ်။

နည်းပညာ အသစ်တွေသုံးတယ်။

Business Model အသစ်တွေပြောကြတယ်။

ဒါပေမယ့် Innovation လုပ်တဲ့အခါ လူအများဆုံးလုပ်မိတဲ့အမှားတစ်ခုရှိတယ်။

သူများလုပ်နေတာကိုပဲ ပိုကောင်းအောင်လုပ်ဖို့ကြိုးစားကြတာ။

တကယ်တော့ Innovation ရဲ့အစက

“ဘယ်လိုပိုကောင်းအောင်လုပ်မလဲ?” ဆိုတာမဟုတ်ဘူး။

“ဘာကြောင့် ဒီလိုလုပ်နေကြတာလဲ?”

ဆိုတဲ့မေးခွန်းကနေ စတာပါ။

လူတိုင်းကြုံကြတဲ့ ပြဿနာ

လုပ်ငန်းတစ်ခုမှာ နည်းလမ်းတစ်ခုက နှစ်ပေါင်းများစွာ အလုပ်ဖြစ်နေပြီဆိုရင် လူတွေက အဲ့ဒီနည်းလမ်းကို မေးခွန်းမထုတ်တော့ဘူး။

လူကြီးတွေနဲ့စကားပြောရင် ဘာလို့ပြောင်းရမှာလဲ။ ငါတို့က မပြောင်းလဲ ရောင်းနေရတာပဲ ဆိုတဲ့ အသံထွက်လာကြတယ်။

တကယ်တော့ အခုရောင်းနေရခြင်းသည် အနာဂါတ်မှာလည်း ရောင်းရမယ်လို့ အာမမခံနိုင်ပါဘူး။

ဒီလိုနဲ့ အလုပ်တွေသာရှုပ်နေပေမယ့် Customer ဘက်ကရရှိတဲ့ Value ကျတော့ တိုးမလာဘူး။

Business က ပိုရှုပ်လာပေမယ့် Customer Experience က ပိုမကောင်းလာဘူး။

ဒါက Innovation အတွက် အရေးကြီးတဲ့ Signal တစ်ခုပါ။

ဒါဆို ငါတို့ကဘာလုပ်ရမှာလဲ?

ပထမဆုံး လူတိုင်းလုပ်နေတဲ့အရာကို လေ့လာပါ။

ဒါပေမယ့် Copy မလုပ်ပါနဲ့။

အဲ့ဒီနည်းလမ်းရဲ့နောက်က Reason ကိုရှာပါ။

“ဘာကြောင့် ဒီလိုလုပ်နေရတာလဲ?”

ပြီးရင် နည်းလမ်းဟောင်းကို မေးခွန်းထုတ်ပါ။

“ဒါကို တကယ်ဒီလိုလုပ်ဖို့လိုအပ်သေးလား?”

ဒီမေးခွန်းက Innovation ရဲ့အစဖြစ်နိုင်တယ်။

ဥပမာ

၀ယ်သူလက်ထဲကို product ရောက်ဖို့ Step ၇ ဆင့်လိုနေတယ်ဆိုရင်

“Step ၇ ဆင့်ကို ဘယ်လိုပိုကောင်းအောင်လုပ်မလဲ?” လို့မမေးခင်

“Customer က Step ၇ ဆင့်လုပ်ဖို့ ဘာကြောင့်လိုနေတာလဲ?”

လို့မေးကြည့်ပါ။

အဲ့ဒီလိုမေးလိုက်တဲ့အခါ Customer အတွက် တကယ်မလိုအပ်တဲ့ အဆင့် တွေကို မြင်လာနိုင်တယ်။

ပြီးတော့ အဲ့ဒီ ရှုပ်ထွေးမှု တွေကို ဖယ်ရှားနိုင်တယ်။

Product ကိုပဲ မပြောင်းပါနဲ့

Innovation ကို Product အသစ်တစ်ခုဖန်တီးတာလောက်နဲ့ မကန့်သတ်ပါနဲ့။

တစ်ခါတလေ ပြောင်းရမယ့်အရာက Product မဟုတ်ဘဲ Business Model ဖြစ်နိုင်တယ်။

Customer က ဘယ်လိုဝယ်လဲ?

ဘယ်လိုငွေပေးလဲ?

ဘယ်လိုအသုံးပြုလဲ?

သူတို့လက်ထဲကို ဘယ်လိုပို့ပေးလဲ?

ဘယ်လို Support ပေးလဲ?

ဒီအရာတွေကိုပါ ပြန်စဉ်းစားကြည့်ပါ။

တစ်ခါတလေ Product ကို 10% ပိုကောင်းအောင်လုပ်တာထက်

Customer က Product ကိုရယူသုံးစွဲတဲ့ System တစ်ခုလုံးကို ပြောင်းလိုက်တာက ပိုကြီးတဲ့ Innovation ဖြစ်နိုင်တယ်။

အသစ်ထွင်လိုက်ရုံနဲ့ပြီးမသွားဘူး

နောက်ထပ်အရေးကြီးတာတစ်ခုရှိတယ်။

Customer က Innovation အသစ်ကို နားမလည်ရင် မဝယ်ဘူး။

မင်းအမြင်မှာ Innovation ဖြစ်နေပေမယ့်

Customer အမြင်မှာ Risk ဖြစ်နေနိုင်တယ်။

ဒါကြောင့် Innovation လုပ်ပြီးရင်

Customer ကို ယုံကြည်လာအောင် တည်ဆောက်ရမယ်။

သူတို့ရဲ့ Problem ကို နားလည်တယ်ဆိုတာ ပြရမယ်။

အသစ်ဖြစ်တာထက်

သူတို့အတွက် ဘာကြောင့်ပိုကောင်းလဲ ဆိုတာကို ရှင်းပြရမယ်။

Innovation ရဲ့အောင်မြင်မှုက

“အသစ်ဖြစ်တယ်” ဆိုတာနဲ့ မပြီးဘူး။

Customer က ယုံကြည်ပြီး အသုံးပြုလာတဲ့အချိန်မှ Innovation က Business Value ဖြစ်လာတာပါ။

Product မှာတင်မရပ်နဲ့

တကယ်ကြီးမားတဲ့ Business တွေက Product တစ်ခုနဲ့ ရပ်မနေတတ်ဘူး။

Product တစ်ခုကနေ

Product → Service → Platform → Ecosystem

အထိ ချဲ့ထွင်နိုင်တယ်။

ဘာကြောင့်လဲ?

Customer ရဲ့အခက်အခဲ က Product တစ်ခုတည်းနဲ့ အဆုံးမသတ်လို့ပါ။

Product က အခက်အခဲ တစ်ခုကို ဖြေရှင်းပေးတယ်။

Service က Customer Journey တစ်ခုလုံးကို ပိုကောင်းစေတယ်။

Platform က Customer နဲ့ Business တွေကို ချိတ်ဆက်ပေးတယ်။

Ecosystem က Customer လိုအပ်ချက်တွေကို အပြန်အလှန်ဖြေရှင်းပေးတဲ့ System တစ်ခုဖြစ်လာတယ်။

ဒီ Framework လွယ်လွယ်လေးနဲ့စဥ်းစားကြည့်ပါ

နောက်တစ်ခါ မင်း Business တစ်ခုကို ပြန်စဉ်းစားတဲ့အခါ ဒီ ၆ ချက်နဲ့ စမ်းကြည့်ပါ။

1. Observe
လူတိုင်းဘာလုပ်နေကြလဲ?

2. Question
ဘာကြောင့် ဒီလိုလုပ်နေကြတာလဲ?

3. Remove
Customer အတွက် မလိုအပ်တဲ့ Complexity ဘာတွေရှိလဲ?

4. Redesign
Product တင်မဟုတ်ဘဲ Business Model ကိုပါ ပြန်ဒီဇိုင်းလုပ်လို့ရလား?

5. Build Trust
Customer က Innovation အသစ်ကို ယုံကြည်လက်ခံလာအောင် ဘယ်လိုလုပ်မလဲ?

6. Expand
Product တစ်ခုကနေ Service, Platform, Ecosystem အထိ ဘယ်လိုချဲ့မလဲ?

Innovation ဆိုတာ လူတိုင်းမလုပ်သေးတာကို လုပ်တာမဟုတ်ဘူး။

တစ်ခါတလေ

လူတိုင်းလုပ်နေတဲ့အရာကို

လူတိုင်းမေးခွန်းမထုတ်တဲ့အချိန်မှာ

မေးခွန်းထုတ်ရဲတာက Innovation ရဲ့အစ ဖြစ်နိုင်တယ်။

ပြီးတော့

ဒါကိုဘယ်လိုပိုကောင်းအောင် လုပ်မလဲ

ထက်

ငါတို့ဒါကို ဘာလို့ဒီတိုင်းလုပ်နေတာလဲ

လို့မေးတတ်တဲ့ Business တွေက

Product တစ်ခုထက်ပိုပြီး

Business System တစ်ခုလုံးကို ပြောင်းလဲနိုင်တယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။

နောက်ထပ် Free Guide မှာ ပြန်တွေ့ပါမယ်။

နောက်ထပ်ဖွင့်လှစ်မည့် သင်တန်းများကို Visit Store တွင် ၀င်ကြည့်နိုင်ပါသည်