Free Knowledge · Content Writing
လူတွေ အဆုံးထိ ဖတ်တဲ့ Content ကို ဘယ်လိုရေးမလဲ
Idea ကောင်းပေမယ့် Content ကို လူတွေမဖတ်တာမျိုး ကြုံဖူးလား…?
ကြုံဖူးတယ်ဆိုရင်...
ဒီ Guide က သင့်အတွက် ဖြစ်ပါတယ်။
ကျွန်တော့် Facebook Page မှာ Content တွေတင်လာတာ ၈ နှစ်ရှိပြီဖြစ်သလို...
ကျွန်တော့်ရဲ့ Post ပေါင်း ၁,၀၀၀ ကျော်ခဲ့ပါပြီ...
Content တွေအားလုံးကိုတော့ ပေါက်ဖို့၊ Viral ဖြစ်ဖို့ ရေးတာမဟုတ်ပါဘူး...ဘယ် content က ဘာရည်ရွယ်ချက်လဲဆိုတာ ကျွန်တော့်မှာရှိပါတယ်...
ဒါပေမယ့် ခုလိုမျိုးစာအရှည်တွေရေးတဲ့အခါမှာတော့ ကိုယ်ဖတ်စေချင်တဲ့ Audience တွေကို စဖတ်ရာကနေ အဆုံးထိ ဖတ်သွားစေဖို့ ရေးရပါတယ်...
တစ်ခါတုန်းက...
Idea က အတူတူပဲ...
ပထမတစ်ခါ ရေးတုန်းကတော့ လူတွေ သိပ်မဖတ်ကြဘူး...
Share လည်း မများဘူး...
လအနည်းငယ်ကြာတော့...
အဲဒီ Idea ကိုပဲ...
ရေးပုံရေးနည်း ပြောင်းပြီး ထပ်ရေးကြည့်တယ်...
ဒီတစ်ခါတော့...
Share ပေါင်း ထောင်ကျော်သွားတယ်...
အဲဒီအချိန်မှာ...
ကျွန်တော် သဘောပေါက်သွားတာတစ်ခု ရှိတယ်...
တစ်ခါတလေ Content မကောင်းလို့ မဟုတ်ဘူး...
ရေးပုံ မကောင်းလို့ မဖတ်တာပါ။
ဘာကွာသွားလို့လဲ…?
အကြီးဆုံး ကွာခြားချက်က...
Headline ပါ။
Content ရေးတဲ့အခါ...
လူတော်တော်များများက...
ကိုယ်ပြောချင်တာကို အရင်ရေးတယ်။
ဒါပေမယ့်...
ဖတ်တဲ့သူကတော့...
သူဖတ်ချင်တာ ရှိ၊ မရှိကို အရင်စဥ်းစားတယ်...
Headline ကို မဖတ်ရင်...
နောက်က စကားလုံးတွေ ဘယ်လောက်ကောင်းကောင်း...
အဓိပ္ပာယ် မရှိတော့ဘူး။
ဥပမာ...
Headline (၁)
Marketing Tips (၅) ချက်
Headline (၂)
ဒီ (၅) ချက်ကို မသိလို့ လုပ်ငန်းပေါင်း (၂၀) ကျော် မှားခဲ့တယ်။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့...
ဘယ်တစ်ခုကို အရင်ဖတ်မလဲ...
Content Writing ဆိုတာ အနုပညာတစ်ခုတည်း မဟုတ်ဘူး...
တွက်ချက်မှုလည်း ပါတယ်။
အနုပညာက...
လူတွေကို ခံစားစေတယ်...
ဒါပေမယ့်...
Business အတွက် Content ရေးတဲ့အခါ...
ကိုယ့် Audience ရပ်ပြီး ဖတ်အောင် ဘယ်လိုရေးမလဲဆိုတဲ့ တွက်ချက်မှုလည်း လိုတယ်။
အဲဒီတွက်ချက်မှုကို ဘယ်လိုသင်ယူမလဲ…?
ဒီနေရာမှာ လူတော်တော်များများ လုပ်တာက...
Viral Post တွေကိုပဲ လိုက်လေ့လာတယ်...
အဲဒါ မမှားဘူး...
ဒါပေမယ့်...
ကိုယ့် Data လောက် ဘယ် Data ကမှ အဖိုးမတန်ဘူး ဆိုတာကို သတိရသင့်တယ်…
ဘာကြောင့်လဲဆိုတော့...
သူတို့နဲ့ ကိုယ်က...
Business Objective မတူဘူး...
Audience မတူဘူး...
Brand Positioning မတူဘူး...
သူတို့အတွက် အလုပ်ဖြစ်တဲ့ Formula က...
ကိုယ့်အတွက် အလုပ်ဖြစ်မယ်လို့ မဆိုလိုဘူး။
ဒါကြောင့် Content ရေးပြီးတိုင်း...
ဒီမေးခွန်းတွေကို ပြန်မေးတယ်...
- ဒီ Post ဘာကြောင့် Share များတာလဲ...
- ဒီ Post ဘာကြောင့် Reach မရတာလဲ...
- Headline ကြောင့်လား...
- Story ကြောင့်လား...
- Format ကြောင့်လား...
- Timing ကြောင့်လား...
အလုပ်ဖြစ်တဲ့ Pattern ကို မှတ်တမ်းတင်တယ်...
အလုပ်မဖြစ်တဲ့ Pattern ကိုလည်း မှတ်တမ်းတင်တယ်...
Content ရေးတဲ့အခါ...
တခြားသူဆီက...
Inspiration ယူလို့ရတယ်။
ဒါပေမယ့်...
ကိုယ့် Data ကို ပိုယုံပါ။
လေ့လာပါ...
စုစည်းပါ...
စမ်းသပ်ပါ...
ပြီးရင်...
ကိုယ်ပိုင် Style နဲ့ ပြန်ဖန်တီးပါ။
လူတစ်ယောက်ဟာ...
ထူးအိမ်သင်အသံနဲ့တူအောင် ဘယ်လောက်ပဲ ဆိုနိုင်ဆိုနိုင်...
သူဟာ...
ဒုတိယ ထူးအိမ်သင် ပဲ ဖြစ်နိုင်တယ်။
ဒါပေမယ့်...
ကိုယ့်အသံကို ရှာတွေ့တဲ့နေ့မှာတော့...
ကိုယ်ပိုင်အသံနဲ့ အဆိုတော်တစ်ယောက် ဖြစ်လာနိုင်ပါတယ်...
သဘောတရားကလည်း အတူတူပါပဲ...
ဒီနေ့တော့ ဒီလောက်ပါပဲ...
See you!
နောက်ထပ်ဖွင့်လှစ်မည့် သင်တန်းများကို Visit Store တွင် ၀င်ကြည့်နိုင်ပါသည်