Free Knowledge · Culture

Marketing Idea ကောင်းတွေ ဘာလို့ထွက်မလာတော့တာလဲ

“ရုံးကလူတွေက Idea ကောင်းတွေမထွက်ဘူးဗျာ” လို့ ညည်းကြတဲ့ သူဌေးတွေကို ကျွန်တော်ပြန်မေးလေ့ရှိတာက

“သူတို့က idea ကောင်းပေးရင်ကော ဘယ်နှခါလောက် အကောင်အထည်ဖော်ဖူးလဲ?”

Company တစ်ခုရဲ့ Meeting မှာ

လူတိုင်းက အမြဲတမ်း သဘောတူနေရင်

အဲဒါကို Healthy Culture လို့ မယူဆသင့်ဘူး။

တစ်ခါတလေ

အဲဒါက Fear Culture ဖြစ်နေနိုင်တယ်။

ဘာကြောင့်လဲ?

လူတစ်ယောက်က Idea တစ်ခုထုတ်ပြောလိုက်တယ်

လူတိုင်းက

“ဟုတ်တယ်…”

“ကောင်းတယ်…”

“လုပ်ကြည့်ရအောင်…”

လို့ ခေါင်းငြိမ့်ကြတယ်။

ဒါပေမယ့် Meeting ပြီးသွားတဲ့အခါမှ

အချင်းချင်း

“ဒါကြီးက လက်တွေ့မှာ အဆင်ပြေပါ့မလား…”

နောက်တစ်ယောက်က

“အဲ့ဒါလုပ်ရင် အလုပ်ပိုရှုပ်ဦးမယ်…”

အဲ့ဒီလိုမျိုး ပြောကြသူတွေရှိတယ်…

ဒီလို Company တွေမှာ

Idea ကောင်းမထွက်တာမဟုတ်ဘူး…

လူတွေက idea ကောင်းရဖို့ထက် ကိုယ့်ကိုယ်ကို အရင်ကာကွယ်ဖို့ကြိုးစားကြတဲ့ Culture ဖြစ်နေကြတာပါ…

Approval Meeting ဖြစ်သွားတဲ့အခါ

ဥပမာ

Marketing Team က Campaign အသစ်တစ်ခု လာပြတယ်။

အဲဒီအချိန်မှာ CEO က မလုပ်ချင်ဘူးဆိုပြီးငြင်းလိုက်တယ်။

ဒါပေမယ့်

ဘာလို့မလုပ်ဖြစ်တာလဲဆိုတာ ရှင်းမပြဘူး

“ဘယ် Data အပေါ်မှာမူတည်ပြီး မလုပ်ချင်တာလည်းဆိုတာ အသိမပေးဘူး။

ဒါတွေကိုမပြောဘဲ နောက်ထပ်တစ်ခုထပ်စဥ်းစားခိုင်းလိုက်တယ်။

ဒီလိုလုပ်တာကြာလာလေ idea အသစ်တွေကို

ဘယ်သူမှ မပြောတော့ဘူး။

အဲဒီအချိန်ကစပြီး

Meeting က Decision-making နေရာမဟုတ်တော့ဘူး။

Approval ယူတဲ့နေရာ ဖြစ်သွားတယ်။

ဒီလိုဖြစ်လာတာနဲ့ Company ထဲမှာ

အရမ်းအန္တရာယ်ရှိတဲ့ Behaviour တစ်ခု ပေါ်လာတယ်။

People stop bringing the truth.

အမှန်ကို မပြောတော့ဘူး။

ပြောလို့ရတဲ့အရာကိုပဲ ပြောတယ်။

အောင်မြင်နိုင်မယ့် Idea ထက်

အငြင်းမခံရမယ့် Idea ကို ရွေးတယ်။

ဒါကြောင့် မီတင် မှာ

အကြီးဆုံးပြဿနာက

“လူတွေမှာ Idea မရှိတာ”

မဟုတ်ဘူး။

ရှိတဲ့ Idea ကို ပြောဖို့ မလုံခြုံတာ။

Founder / CEO က ဘာမေးသင့်လဲ

ဒါကြောင့် Founder / CEO တစ်ယောက်အနေနဲ့

Meeting တစ်ခုမှာ

မကြိုက်ဘူး လို့ ခပ်ပြတ်ပြတ်ပြောတာထက်

  • “ဒီ Idea အောင်မြင်နိုင်တဲ့ အကြောင်းရင်း ၃ ခုက ဘာတွေလဲ?”
  • “မအောင်မြင်နိုင်တဲ့ အကြောင်းရင်း ၃ ခုကကော ဘာတွေလဲ?”

လို့မေးကြည့်။

လူတွေကို

အကျိုးသင့်အကြောင်းသင့် စဥ်းစားတတ်အောင် အခွင့်အရေးပေး။

  • “ဒီ Decision ရဲ့ Blind Spot က ဘာလဲ?”
  • “Customer က ဘာကြောင့် မဝယ်နိုင်တာလဲ?”
  • “ငါတို့ ဘာကို မှန်းဆပြီးလုပ်ထားတာလဲ? Data ဘယ်လောက်ရှိလဲ?”
  • “မလုပ်သင့်ဘူးဆိုရင် ဘာကြောင့်လဲ?”

ဆိုတာတွေကို မေး။

ဒါပေမယ့် တစ်ခုတော့ ရှင်းရမယ်။

Idea ကို Challenge လုပ်တာနဲ့ Idea ပြောတဲ့လူကို Challenge လုပ်တာ မတူဘူး။

ဒီနှစ်ခုကို မခွဲနိုင်တဲ့ Company မှာ

ဆွေးနွေးတာမဟုတ်တော့ဘဲ Politics ဖြစ်သွားတတ်တယ်။ ဒီအလှည့်တော့ လျှော့ပေးပြီး ဂွင်ထဲရောက်မှ တွယ်တော့မယ်ဆိုတာတွေ ဖြစ်ကုန်တယ်။

ခွဲနိုင်တဲ့ Company မှာတော့

မီတင်ထဲမှာတော့ အကြိတ်အနယ်ဆွေးနွေးတယ်။ အပြင်ရောက်တာနဲ့ ပုခုံးဖက်ပြီး ရယ်ရယ်မောမောပဲ။

တကယ်ကောင်းတဲ့ မီတင်

တကယ်ကောင်းတဲ့ မီတင် ဆိုတာ

လူတိုင်း သဘောတူနေစရာမလိုဘူး။

လူတိုင်းရဲ့ Ego ကို ခဏချပြီး

Idea ကို စားပွဲပေါ် လွတ်လွတ်လပ်လပ် တင်ထားနိုင်တဲ့နေရာ။

Idea ကောင်းတစ်ခုဆိုတာ

ဘယ်သူမှ မဝေဖန်လို့ ကောင်းလာတာမဟုတ်ဘူး။

ဝေဖန်ခံနိုင်လို့ ပိုကောင်းလာတာ။

Founder က

“ငါ့ Idea ကို ဘယ်သူမှ မကန့်ကွက်ဘူး”

ဆိုတာကို အောင်မြင်မှု လို့ မယူဆသင့်ဘူး။

“ငါ့ Team က ငါမမြင်တဲ့အရာတွေကို ငါ့ရှေ့မှာ ပြောရဲသလား?”

အဲဒါက ပိုအရေးကြီးတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။

နောက်ထပ် Free Guide မှာ ပြန်တွေ့ပါမယ်။

နောက်ထပ်ဖွင့်လှစ်မည့် သင်တန်းများကို Visit Store တွင် ၀င်ကြည့်နိုင်ပါသည်