Free Knowledge · Marketing

အရေးမပါတာကို အရာမပေးမိစေနဲ့

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ရဲ့ Marketing Health Checker ကို Pre-Launch Price နဲ့ ရောင်းနေတာ တစ်ရက်နေရင် ဈေးပြောင်းတော့မယ်ဆိုပြီး Facebook Page မှာ Post တင်လိုက်ပါတယ်။

၅ မိနစ်လောက်ကြာတော့ Post ကို ပြန်ကြည့်လိုက်တယ်။

Like — ၅ ခု။

ကျွန်တော်တောင် တစ်ချက်တွေးလိုက်မိတယ်။

“လူတွေ သိပ်စိတ်မဝင်စားကြဘူးထင်တယ်…”

ဒါပေမယ့် Telegram ရဲ့ Order List ကို ပြန်ဖွင့်ကြည့်လိုက်တော့

Order ၁၀ ယောက် မှာထားတာတွေ့တယ်။

တကယ်တော့

Social Media မှာ မြင်ရတဲ့ Number နဲ့ Business မှာ တကယ်အရေးကြီးတဲ့ Number ဟာ မတူညီပါဘူး။

Like က Business Result မဟုတ်ဘူး

ကျွန်တော်တို့ Social Media မှာ တစ်ခုခုတင်လိုက်ရင်

Like ဘယ်လောက်ရလဲ။

Comment ဘယ်လောက်ရလဲ။

Share ဘယ်လောက်ရလဲ။

Reach ဘယ်လောက်ရလဲ။

အဲ့ဒီ Number တွေကို ကြည့်ပြီး Post ကောင်းတယ်၊ မကောင်းဘူးဆိုပြီး ဆုံးဖြတ်တတ်ကြပါတယ်။

ဒါပေမယ့်

Like ၁,၀၀၀ ရတဲ့ Post တစ်ခုက

ရောင်းအား ၀ ဖြစ်နိုင်တယ်။

Like ၅ ခုရတဲ့ Post တစ်ခုက

Customer ၁၀ ယောက် ရနိုင်တယ်။

ဒါဆို ဘယ် Post က ပိုကောင်းလဲ?

Business အတွက်ဆိုရင် အဖြေက သိပ်မခက်ပါဘူး။

Customer ရလာတဲ့ Post က ပိုကောင်းပါတယ်။

ဒါပေမယ့် နောက်ထပ်စိတ်ဝင်စားစရာတစ်ခုရှိတယ်။

Social Media မှာ Like သိပ်မပေးတတ်တဲ့ လူတန်းစား တစ်ရပ်ရှိပါတယ်။

ကျွန်တော့်အကြိုက်ဆုံး Sports Brand ဆိုရင် Nike ပါ။

ဒါပေမယ့် Nike ရဲ့ Facebook / Instagram Post တွေကို ကျွန်တော် ဘယ်နှစ်ခါ Like ပေးဖူးလဲဆို

မမှတ်မိဘူး။

တကယ်တော့ တစ်ခါမှ Like မပေးဖြစ်တာတောင် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Bangkok ရောက်ရင်

Nike ဆိုင်ကိုရောက်အောင်သွားတယ်။

ဖိနပ်တွေကြည့်တယ်။

ကြိုက်တာတွေ့ရင်

၃ ရံ၊ ၄ ရံလောက် ဝယ်လာတတ်တယ်။

ဒါဆို Nike အနေနဲ့ ကျွန်တော့်ကို Customer လို့တွက်ရမလား?

ဒါမှမဟုတ်

“ဒီလူက ကျွန်တော်တို့ Post တွေ Like မပေးဘူး။ Engagement မရှိဘူး။ Customer မဖြစ်နိုင်ဘူး”

လို့ တွက်ရမလား?

ဒီနေရာမှာ Marketer တွေအတွက် အရေးကြီးတဲ့ Lesson တစ်ခုရှိတယ်။

Social Media Behavior ≠ Buying Behavior

လူတစ်ယောက်က Online မှာ ဘယ်လိုပြုမူသလဲဆိုတာနဲ့

သူက ပိုက်ဆံသုံးတဲ့အချိန် ဘယ်လိုဆုံးဖြတ်သလဲဆိုတာ မတူနိုင်ပါဘူး။

ဒီလိုဆို Like, Comment တွေကို မကြည့်တော့ဘူးလား?

ကြည့်ရပါတယ်။

ဒါတွေက အသုံးမဝင်တာ မဟုတ်ပါဘူး။

ဒါပေမယ့် သူတို့ကို မှန်ကန်တဲ့နေရာမှာ ထားရမယ်။

ကျွန်တော်ဆိုရင် Funnel ကို ဒီလိုကြည့်ပါတယ်။

Attention

→ Reach

→ Impressions

→ Views

→ Like & Share

Interest

→ Engagement

→ Profile Visits

→ Website Visits

Intent

→ Leads

→ Inquiries

→ Add to Cart

Business Result

→ Purchases

→ Customers

→ Revenue

အပေါ်က Attention ခေါင်းစဥ်အောက်က Number တွေက ကြည့်တော့ကြည့်ရပါတယ်...

ဒါပေမယ့်

ပိုပြီးအရေးကြီးတာက အောက်က Interest, Intent နဲ့ Business Result ရဲ့ Number တွေက ပိုအရေးကြီးပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ လွယ်လွယ်နဲ့မှားတတ်တာတစ်ခုရှိတယ်။

Big numbers feel good.

Like 10,000 ရရင် ပျော်တယ်။

View 100,000 ရရင် ပိုပျော်တယ်။

Follower 100,000 ရရင် ပိုပြီးတော့တောင် ပျော်တယ်။

ဒါပေမယ့်

Revenue မတက်ရင်?

အဲ့ဒီ Number တွေက Business အတွက် ဘာလုပ်ပေးခဲ့လဲဆိုတာ ပြန်မေးရပါမယ်။

ဒါကြောင့် နောက်တစ်ခါ Content တွေတင်ပြီးတဲ့အခါ

“Like ဘယ်လောက်ရလဲ?”

ဆိုတာတစ်ခုတည်း မမေးပါနဲ့။

ဘယ်နှယောက် စိတ်ဝင်စားသွားလဲ?

ဘယ်နှယောက် ဆက်သွယ်လာလဲ?

ဘယ်နှယောက် ဝယ်သွားလဲ?

Revenue ဘယ်လောက် ဖြစ်လာလဲ?

ပြီးတော့

ဒီ Customer တွေ ဘယ်ကနေ ရလာတာလဲ?

အဲ့ဒီမေးခွန်းတွေက Social Media Manager တစ်ယောက်လို တွေးတာကနေ

Business Owner တစ်ယောက်လို တွေးလာအောင် ကူညီပေးပါလိမ့်မယ်။

Don’t optimize for the number that makes you feel good.

Optimize for the number that grows your business.

Social Media မှာ လူတွေ ဘယ်လောက်ကြိုက်လဲဆိုတာထက်

ဘယ်နှယောက်က ပိုက်ဆံပေးသွားလဲဆိုတာက Business အတွက် ပိုအရေးကြီးပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။

နောက်ထပ် Free Guide မှာ ပြန်တွေ့ပါမယ်။