Free Knowledge · Marketing

အမှားတွေလုပ်တယ်ဆိုတာ အလုပ်တွေမှားလို့ပါ

အမှားတွေဆိုတာက တန်ဖိုး မတူတတ်ဘူး…

စာလုံးပေါင်းမှားသွားတာလောက်က ပြန်ဖျက်လိုက်လို့ရပေမယ့်

လေယာဥ်ပျံတည်ဆောက်တဲ့နေရာမှာ ၁ စင်တီမီတာတောင် လွဲလို့မရပြန်ဘူး…

ဒါကြောင့်

တချို့အလုပ်တွေက မှားလို့ရတယ်…

တချို့အလုပ်တွေကျတော့ အမှားမခံတာတွေရှိတယ်။

ဒီတော့ Marketing Strategy တစ်ခုမှာဆိုရင် Major အမှားနဲ့ Minor အမှားဆိုတာရှိတယ်။

ဘယ်အရာတွေက Major အမှားတွေလဲ

ဘယ်အရာတွေက Minor အမှားတွေလဲ

ကျွန်တော်တို့ ဆက်ပြီးတူးဖော်ကြည့်လိုက်ကြရအောင်…

Minor အမှား

Minor အမှားဆိုတာကတော့ Strategy ရဲ့ အဓိက Direction ကို မပြောင်းလဲစေတဲ့ အမှားတွေကို ဆိုလိုတာ။

ဥပမာ

  • Copywriting မှာ စကားလုံးရွေးချယ်တာ သိပ်မကောင်းတာ။
  • Content Idea တစ်ခုရဲ့ Hook က အားနည်းနေတာ။
  • Design မှာ Layout နည်းနည်းမညီတာ။
  • CTA ကို ပိုပြီး မိုက်အောင်ရေးလို့ရနေသေးတာ။

ဒါတွေက ပြင်သင့်တဲ့အရာတွေလို့ ပြောလို့ရတယ်။

ဒါပေမယ့်

အဲ့ဒီအမှားတွေကြောင့် Strategy တစ်ခုလုံး ပျက်သွားတာတော့ မဟုတ်ပါဘူး။

Major အမှား

Major အမှားဆိုတာမျိုးကကျတော့

Target Audience လွဲသလိုမျိုး အမှားတွေကိုပြောတာ။

ကိုယ်က ဒီ Audience ကို မူတည်ပြီး

နောက်က idea တွေ content တွေ campaign တွေအားလုံးကိုစဉ်းစားမှာ…

အဲ့မှာ စလွဲရင် အကုန်လွဲတော့တာပဲ…

အဲ့ဒါကြောင့် Marketing Strategy တစ်ခုကို Review လုပ်တဲ့အခါ

Major Error နဲ့ Minor Error ကို ခွဲပြီးစစ်ဖို့လိုတယ်။

Major Error ကိုတော့ အရင်ရှာရမယ်။

ဘာလို့လဲဆိုတော့

Target Audience မှားနေတဲ့ Strategy ကို Copywriting လှအောင် ပြင်နေလို့ ဘာမှထူးမလာတော့ဘူး။

Positioning မှားနေတဲ့ Campaign ကို Design လှအောင် ပြင်နေလို့လည်း တကယ့် Customer ကို မရနိုင်ဘူး။

Objective မှားနေတဲ့ Marketing Plan ကို Content များများထုတ်နေလို့လည်း Result ကောင်းလာမှာ မဟုတ်ဘူး။

Foundation မှာ Error ရှိနေရင် အပေါ်က ဘယ်လောက်ကောင်းကောင်း ဆောက်ထားလဲ အရေးမကြီးတော့ဘူး။

Strategy ကို ဘယ်လို Review လုပ်မလဲ

ဒါကြောင့် ကျွန်တော်ဆိုရင် Strategy တစ်ခု Review လုပ်တဲ့အခါ

1. Major Error ရှိလား?

ဒီလို အခြေခံအချက်တွေကို အရင်စစ်လေ့ရှိတယ်။

  • Target Audience
  • Business Objective
  • Positioning
  • Value Proposition
  • Customer Problem
  • Offer
  • Channel Strategy

ပြီးတော့မှ

2. Minor Error ရှိလား?

  • Messaging
  • Copy
  • Content Format
  • Visual
  • CTA
  • Execution Detail

တွေကို စစ်မယ်။

ဒီလိုခွဲမထားဘဲ အမှားအားလုံးကို အတူတူလိုက်ပြင်နေရင်

Team က အရေးမကြီးတဲ့အရာတွေကို အချိန်ကုန်ခံပြီး ပြင်နေရလိမ့်မယ်။

တကယ်အရေးကြီးတဲ့ Error တွေကိုကျတော့ မမြင်ဘဲ ကျန်နေလိမ့်မယ်။

Marketing Strategy မှာ အရေးကြီးတာက

“အမှားမရှိအောင်လုပ်ဖို့” တစ်ခုတည်းမဟုတ်ဘူး။

“ဘယ်အမှားက အများကြီးထိခိုက်စေနိုင်လဲ” ကို အရင်သိဖို့ပါ။

ဒါကြောင့် Checklist ဆိုတာ အလုပ်ပြီးပြီလားဆိုတာ စစ်ဖို့သက်သက်မဟုတ်ဘူး။

အလုပ်တွေမမှားဖို့ အမှားတွေကို မလုပ်မိဖို့လိုတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။

နောက်ထပ် Free Guide မှာ ပြန်တွေ့ပါမယ်။

နောက်ထပ်ဖွင့်လှစ်မည့် သင်တန်းများကို Visit Store တွင် ၀င်ကြည့်နိုင်ပါသည်