Promotion လက်ဆောင် ဘာပေးရမလဲ

ကျွန်တော်အမြဲပြောနေကြသလိုပါပဲ…Marketer ဆိုတာ ကိုယ်ချင်းစာတရားထားရပါတယ်…ကိုယ်ပေးလိုက်တဲ့ လက်ဆောင်က ဝယ်သူလက်ထဲရောက်တဲ့အခါ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားရမယ်ဆိုတာ မမေ့ပါနဲ့…Promotion ရာသီရောက်ပြီ…ဘောပင် အချောင်း ၁ ထောင်ကို Company Logo ရိုက်ပြီး ဝေလိုက်ကြရအောင်ဆိုတာမျိုးကို ကျွန်တော်ကတော့ မလုပ်စေချင်ပါဘူး…Think Customize!

ဘယ်အချက်တွေကို စဉ်းစားသင့်လဲ…

(၁) ဒါကတော့ ရှင်းပါတယ်…သူများတွေပေးနေတဲ့အချိန်မှာကိုယ်ကမပေးရင် ဝယ်သူတွေက ကိုယ့်ကိုလာပြောမယ့်အနေအထားမျိုးပါ…ဥပမာ မိုးတွင်းရောက်တဲ့အခါ သူများကျောင်းတွေက ထီးနဲ့ မိုးကာ ပေးနေပြီ ကိုယ့်ကျောင်းက မပေးဘူးဆိုရင် ငါတို့ကျောင်းက ကပ်စေးနည်းတယ်လို့ အပြောခံရမှာပေါ့…ဒီလိုအခါမျိုးမှာ သူများတွေပေးတဲ့ဟာကိုပဲ ကိုယ်ကတမူထူးခြားအောင် ပေးတာမျိုးစဉ်းစားမယ်ဆိုရင် အမှတ်ရနိုင်တာပေါ့…

ဥပမာ ကိုယ့်ကျောင်းကကျောင်းသားတစ်ယောက်ချင်းစီကို သူတို့နာမည်ပါ တစ်ခါတည်းထိုးထားတဲ့ မိုးကာမျိုး…

(၂) နောက်တစ်ခုကတော့ ဘယ်လောက် Visibility ဖြစ်မယ်ဆိုတာမျိုးထည့်စဉ်းစားကြတာပေ့ါ…အဲ့ဒါကြောင့် ကော်ဖီခွက်လေးတွေပေးကြတယ်…Memory Stick လေးတွေပေးကြတယ်…ဒါပေမယ့် အကုန်လုံးက အဲ့ဒါတွေလိုက်ပေးကုန်တော့ အံဆွဲထဲကနေ ဘယ်တော့မှထွက်မလာတော့ဘူး…အသစ်စဉ်းစားဖို့လိုလာပြီနော်…

(၃) သူတို့ရဲ့ Activities တွေမှာကိုယ်က ဘယ်လိုဝင်ပါလို့ရမလဲ…ဥပမာ ကိုယ်ရဲ့ဝယ်သူတွေက ကျောင်းသားတွေဆိုပါတော့…ဒါဆိုရင် ဆယ်တန်းစာမေးပွဲအချိန်ဇယားကို ကိုယ့် လိုဂိုလေးနဲ့ ပေးတာမျိုးပေါ့…

(၄) Promotion Item နဲ့ Discount နဲ့ ဘယ်လိုချိတ်လို့ရမလဲဆိုတာမျိုးလည်း စဉ်းစားလို့ရပြန်ပါတယ်…ဥပမာ ကိုယ့်ဆီမှာ ဘယ်လောက်ဖိုးဝယ်ရင်တော့ ကော်ဖီခွက်လေးထုတ်ပေးမယ်..အဲ့ခွက်လေးပြပြီး နောက်တစ်ခါလာရင် ၂၀ % discount ပေါ့…ဒါဆိုရင် သူ့အဲ့ခွက်ကို အပျောက်မခံတော့ဘူးပေါ့…

(၅) Digital နဲ့ ဘယ်လိုချိတ်ဆက်မလဲစဉ်းစားပါ…အပြင်က ဆိုင်မှာပေးလိုက်တဲ့ T Shirt ကိုဝတ်ပြီး ဓါတ်ပုံရိုက်ပြီး Facebook ပေါ်မှာတင်မယ်ဆိုရင် ဘာပြန်ပေးမယ်ဆိုတာမျိုးပေါ့…ဒါဆိုရင် offline မှာလည်း visibility ရှိသလို online မှာလည်း ထပ်ပြီးမြင်ရတာမျိုးပေါ့…

အချုပ်အားဖြင့်ဆိုရရင် ကိုယ်ကပိုက်ဆံအကုန်ကျခံပြီးပေးလိုက်တာက ဝယ်သူချောင်ထိုးထားတဲ့ဟာမျိုးတော့ အဖြစ်မခံပါနဲ့…ဦးနှောက်တော့ခြောက်ပေမယ့် တကယ်အသုံးဝင်တာမျိုးပဲပေးမယ်ဆိုရင် ပိုအကျိုးရှိမှာမို့ပါ…

နောက်နေ့တွေလည်း ဆက်ပြီးရေးပေးပါဦးမယ်…

Call Now Button