Content ကို စိတ်ဝင်စားအောင် ရေးနည်းထဲက (၁) နည်း

ကျွန်တေ်ာ Flymya မှာတုန်းက တစ်နေ့ကျတော့ content တစ်ခုဖန်တီးဖို့ဖြစ်လာတယ်…ရေးချင်တာကတော့ ခရီးသွားရင် ဆောင်ရန် ရှောင်ရန်လေးတွေပါ…ဒါပေမယ့် ဒီတိုင်းရေးရင် ပျင်းစရာကြီးဆိုတော့ ကျွန်တော်က ဒီလိုချိတ်ဖြစ်တယ်…

အရင်ဆုံးချိတ်တာကတော့ Emotional ကိုသွားချိတ်တယ်ဗျ…ဒီတော့ လူရယ်လို့ဖြစ်လာရင် သမီးရည်းစားကိစ္စကတော့ တော်တော်များများရှိကြတာပဲ…ဒီတော့ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စိတ်ပူလို့ မှာတဲ့ပုံစံကိုချိတ်လိုက်တယ်…

နောက်တစ်ခုက ပျောက်နေတဲ့ Traditional ကိုသွားချိတ်တယ်…အရင်ခေတ်တွေတုန်းက တစ်ယောက်နဲ့တစ်ယောက် စာပေးကြတယ်ဆိုတော့ အဲ့ဟာကို ပြန်ဖော်ကြူးဖို့ စိတ်ကူးရပြီ စာရေးတဲ့စတိုင်ကို ပြန်အသက်သွင်းလိုက်တယ်…

နောက်တစ်ချက်အနေနဲ့က Brand တစ်ခုအနေနဲ့ပြောတာထက်စာရင် လူတစ်ယောက်က ပြောတာကိုပိုလိုချင်တဲ့အတွက် Flymya က Mya ကိုယူပြီး ကိုမြကြီးဆိုပြီး ဖန်တီးလိုက်တယ်…ကိုမြကြီးဆိုတဲ့ နာမည်နဲ့လိုက်အောင် ကောင်မလေးကို ခင် ဆိုတဲ့နာမည်နဲ့ပြန်ချိတ်တယ်…

ဒီလိုနဲ့ ဒီ content က ကိုမြကြီးဆိုတဲ့ ဘဲကြီးက ခင်ဆိုတဲ့ကောင်မလေးကို ခရီးသွားရင် ဟိုဟာမမေ့နဲ့..ဒါလေးတွေ ဆောင်ထား ဆိုတဲ့ ပျင်းစရာမကောင်းတဲ့ content တစ်ခုထွက်လာတာပါပဲ…

ကျွန်တော်ကတော့ ဒီပုံစံနဲ့ ၅ ပုဒ်လောက် ထုတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်သွားပေမယ့် ရှေ့ဆက်မယ်ဆိုရင် ဒီလိုဆက်လို့ရတယ်…ဘာလို့လဲဆိုတော့ ကိုမြကြီးဆိုတဲ့ ဇာတ်ကောင်က အဲ့ချိန်တုန်းက လူတွေကြားထဲ တကယ်အသက်ဝင်သွားတာကိုး…တချို့ဝယ်သူတွေကတောင် ကိုမြကြီးတကယ်ရှိလား မေးကြတယ်…

ဒီတော့ ဘာဆက်လုပ်လို့ရလဲဆိုရင် ကိုမြကြီးဆိုတဲ့ မက်စကော့ တစ်ကောင်ဖန်တီးပြီး ပွဲတွေလုပ်တဲ့အခါ attention ယူလို့ရတယ်…

နောက်တစ်ခုက ကိုယ့် fan တွေကိုလည်း ကိုမြကြီးက ခင်ကိုစာရေးသလိုရေးပါလားဆိုပြီး contest တစ်ခုလုပ်ပြီး User Generated Content လုပ်လို့ရမယ်…

ကိုမြကြီး fan group တစ်ခုဖွဲ့ပြီး အဲ့ group ထဲမှာ Story တစ်ခုကိုဖန်တီးပြီး product ရဲ့ promotion တွေ facts တွေကို story ထဲ ညှပ်ပြီး ဖန်တီးသွားလို့ရမယ်…

ဒီတော့ ခင်ဗျားတို့ဆိုရင်ကော ဘယ်လိုတွေဖန်တီးပြီး ဘာတွေဆက်လုပ်ဖြစ်ကြမယ်ထင်တုန်းဗျ..

Call Now Button
×