Influencer များသို့ စာတစ်စောင်…

Bloggers တစ်ယောက်ဖြစ်ဖို့…ရပ်တည်ဖို့ဆိုရင် ရေရှည်မှာပိုက်ဆံရှာဖို့ကလိုအပ်လာမှာပဲဗျ

အိတ်ထဲကကြီးစိုက်နေရရင် ဘယ်ဟုတ်တော့မလဲ…ဒီတော့ Brand တွေဘက်က Marketeer တွေဘက်က မျက်စိကျအောင်ဆိုရင် ရေရှည်မှာ Personal Branding နဲ့ပတ်သတ်ပြီး အမြင်တစ်ခုလိုအပ်လာတယ်…

ဒီတော့ ကျွန်တော့်အမြင်ရယ် ကျွန်တော့် Client တွေရှာတတ်တဲ့ လိုအပ်ချက်တွေရယ်ကိုပေါင်းပြီး ဒီစာမှာတင်ပြသွားချင်လေရဲ့…

(Vision)

Personal Branding လို့ပြောရင် အရေးကြီးတာက ကိုယ့်ကိုဘယ်လိုမြင်စေချင်လဲ…အနာဂါတ်မှာ လူတွေက ကိုယ့်နာမည်ကြားတာနဲ့ ဘာကိုပြေးမြင်စေချင်တာလဲ…ဒါဟာအရေးကြီးပါတယ်…စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က Food Review ရိုက်မယ်ဆိုရင် ကိုယ့်နာမည်ကိုအရင်စဉ်းစားမိတာမျိုး…Beauty ပိုင်းရွေးတော့မယ်ဆိုရင် ကိုယ့်ကိုပြေးမြင်စေချင်တာမျိုး…ဒါဟာ အနာဂါတ်အတွက် ကြိုစဉ်းစားပြီး ကိုယ်လုပ်သမျှ အရာတွေက အဲ့ဟာနဲ့သွားချိတ်လားကို ထည့်သွင်းစဉ်းစားရမှာပါ…

(Authentic)

ဘယ်လောက်စစ်လဲလို့ ဘာသာပြန်ရရင်မကောင်းလို့ နားလည်လွယ်အောင် ပြောရရင် အပြောနဲ့အလုပ်နဲ့ညီတာကို ဆိုလိုချင်တာပါ…ရေရှည်ရပ်တည်ချင်ရင် ကျွန်တော်တို့ဟာ ၂ ပိုင်းခွဲပြီး Balance ချရပါတယ်…

တစ်ပိုင်းကကိုယ့်ကိုပိုက်ဆံပေးတဲ့အလုပ်ရှင်နဲ့ နောက်တစ်ပိုင်းက ကိုယ့် content တွေကိုစားသုံးနေတဲ့ ပရိသတ်ပါ…အရမ်းကောင်းတာပဲလို့ ကိုယ်ကကြော်ငြာပေးပြီး အရမ်းမကောင်းဘူးဆိုရင် အရမ်းကောင်းတယ်လို့နောက်တစ်ခါပြောတိုင်း ပရိသတ်က အရမ်းမယုံတော့မှာကို သတိပြုပါ…ပရိသတ်က အရမ်းမယုံတော့ရင် Brand တွေကလည်း ကြာရင် အရမ်းပိုက်ဆံမပေးတော့ပါဘူး…

(Community)

ခင်ဗျားတစ်သက်လုံးမမှားဘူးလို့ထင်လား…ထင်ရင်တော့ ဒီစာကိုဆက်ဖတ်စရာမလိုဘူးရယ်…

မှားနိုင်လား…

ဒါဆိုရင်တော့ ကိုယ်မှားသွားရင်တောင် ကိုယ့်ကိုဖာထေးပေမယ့် fan base တစ်ခုတည်ဆောက်ထားပါ…စိုင်းစိုင်းခမ်းလှိုင်မကောင်းကြောင်းပြောရင် ဝိုင်းထုမယ့် Army ကိုတွေ့ဖူးတယ်ဟုတ်…ဒါတွေဟာ လက်ခံကျင့်သုံးလို့မမှားတဲ့အရာတွေဆိုတာ မြင်တတ်ပါစေ..

လိုက်ကျင့်သုံးလို့ အလုပ်မဖြစ်ရင် ကျွန်တော့်ကိုလာဆဲပေါ့ဗျာ…အလုပ်ဖြစ်ရင်တော့ ကော်ဖီလေးဘာလေး ခေါ်တိုက်ပေါ့ဗျာ…😉😉

Call Now Button
×