A/B Testing ဘာလဲ

ကျွန်တေ်ာတို့ Marketing မှာ A/B Testing ဆိုတာ ဘာကြောင့်လုပ်သင့်သလဲ…ဘာတွေလုပ်လို့ရသလဲ နဲ့ပတ်သတ်ပြီးဒီနေ့ ဆွေးနွေးသွားပါမယ်။

အရင်ဆုံး A/B Testing ဆိုတာဘာလဲစပြောရအောင်…

A/B Testing ဆိုတာ ဘယ်လိုကြော်ငြာတာ ပိုထိရောက်လဲဆိုတာကို ထင်ကြေးနဲ့မဆုံးဖြတ်ဘဲ ကြော်ငြာတွေကို ခွဲပြီးစမ်းတဲ့သဘောပါ။ ကျွန်တေ်ာတို့ Marketeer ဆိုတာ ဗေဒင်ဆရာတွေမဟုတ်တဲ့အတွက် မစမ်းသပ်ဘဲနဲ့ ဘယ်ဟာပိုကောင်းမယ်ဆိုတာကို ထင်ကြေးနဲ့ရမ်းတုတ်လို့မရလို့ပါ။

A/B Testing ကိုဘာလို့ သုံးသင့်သလဲ…

ကျွန်တေ်ာတို့အနေနဲ့ campaign တစ်ခု (သို့)ads တစ်ခုမှာ ပါဝင်တဲ့အရာတွေများပြားပါတယ်။ ဥပမာ ပုံတစ်ပုံထဲမှာ ယောကျာ်းလေးပုံနဲ့ မိန်းကလေးပုံထည့်မယ်ဆိုရင် ဘယ်ပုံကကိုယ့်အတွက် ပိုကောင်းမလဲသိဖို့လိုအပ်ပြန်တယ်…

နောက် ဥပမာ Audience ဆိုရင် အသက် ၁၈ – ၂၄ နဲ့ ၂၅ – ၃၄ ဘယ်သူ့ကိုကြော်ငြာပိုပြရင် ပိုစိတ်ဝင်စားမလဲ…ပိုရောင်းရမလဲသိချင်ပြန်တယ်..နောက်ထပ် newsfeed နဲ့ messenger ဘယ်ဟာကပိုရောင်းရမလဲ..ကျန်တဲ့အရာတွေလည်း အများကြီးရှိသေးတာပေ့ါလေ…အဲ့လိုမျိုးဘယ်ဟာကောင်းတယ်ဆိုတာကို တစ်ယောက်ယောက်နဲ့ထိုင်ငြင်းမယ်ဆိုရင် အချိန်သာကုန်သွားမယ်…အဲ့ထက်စာရင် A/B Testing နဲ့ ကစ်လိုက်တာက. Data တစ်ခုထွက်လာပြီး အများကြီး အကျိုးရှိပါမယ်။

ဒီတော့ A/B Testing လုပ်တော့မယ်ဆိုရင်

(၁) ဘယ်အရာတွေကို စမ်းသပ်ချင်သလဲ အရင်ချရေးပါ
(၂) Goals တစ်ခုကိုချရေးပါ…ဒီကြော်ငြာတွေကနေ ကိုယ်ဘာမျှော်လင့်တယ်ဆိုတာ
(၃) ပြီးရင် A/B test ကိုစလုပ်ကြည့်ပါ။
(၄) ဘယ်ဟာကပိုကောင်းတယ်ဆိုတာကို အဖြေရှာပါ။
(၅) ဒီတစ်ခေါက်ရလာတဲ့ ကောင်းတာဆိုးတာတွေကို ချရေးပါ (ဒါကို ၁ လတစ်ခါ၊၃ လတစ်ခါ၊ ၆ လတစ်ခါ၊၁ နှစ်တစ်ခါဆိုပြီး ပြန်ပြန်ဖတ်ပါ)

A/B Testing လုပ်လို့ရတဲ့နေရာတွေကတော့ ကိုယ်သုံးတဲ့ Platform ပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်…Facebook မှာဆိုရင်တော့ Ads Manager မှာတင် အလွယ်တကူပဲ Creative, Delivery Optimization, Audience & Placement ဆိုပြီး ခွဲစမ်းလို့ပါတယ်…ကျွန်တော်ကိုယ်တိုင်ကတော့ Fb မှာပဲ ကိုယ်တိုင်ကိုယ်ကျစမ်းဖူးလေရဲ့….SEO အတွက်တုန်းကတော့ ကျွန်တေ်ာစမ်းချင်တဲ့ဟာတွေကို အပ်တဲ့လူဆီပေးပြီး သူကလုပ်ပေးလိုက်တာပဲ…

ဒီတော့ ကိုယ်တိုင်စမ်းနိင်တယ်ဆိုလည်း စမ်းပါ…မတတ်ရင်လည်း တတ်တဲ့လူကိုစမ်းခိုင်းလိုက်ပါ..မစမ်းဘဲနဲ့တော့ မနေနဲ့ပေ့ါ…

Call Now Button
×