TikTok မှာ ဘယ်လို Content တွေ ဖန်တီးကြမလဲ

နိဒါန်း 

တချိန်ကတော့ TikTok ဆိုတာ Branding လုပ်လို့မကောင်းဘူးဆိုတဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပေမယ့် ခုချိန်မှာတော့ အလုပ်ခေါ်ရင်တောင် TikTok ဆော့တတ်လားဆိုပြီးတော့ ခေါ်တဲ့ခေတ်ဟာ ကျွန်တော်တို့ရှေ့ကိုတည့်တည့်ကြီးရောက်လာပါတော့တယ်…

TikTok ဆိုတာကလည်း တချို့နေရာတွေမှာ “သုံးတယ်” လို့တောင် မသုံးကြဘဲ​  “TikTok ဆော့တယ်” လို့တောင်သုံးကြတဲ့အထိကို အရပ်ဘက်ဆန်လွန်းခဲ့ပါတယ်…

ဒါပေမယ့်လည်းဗျာ 16 Millions User တောင်ရှိလာတဲ့ Platform တစ်ခုကို လုပ်ငန်းတွေအနေနဲ့ လက်လွှတ်လို့ဘယ်ဖြစ်ပါ့မလဲ…ဒီတော့လည်း ဒီ Platform ကြီးကို စတင်လေ့လာရတော့တာပေါ့…

ဘာကြောင့် TikTok လဲ 

မြန်မာပြည်ရဲ့ အလုပ်အဖြစ်ဆုံး Social Media ဖြစ်တဲ့ Facebook နဲ့ယှဥ်ရင် TikTok ရဲ့အားသာချက်က Content ဖြန့်၀ေမှု Algorithm ပါပဲ…

Facebook မှာဆိုရင် Content တွေကိုပြတဲ့အခါ သူ့ Page ကို Follow ထားတဲ့သူတွေကို အများဆုံးပြပါတယ်…ဒီတော့ Content တစ်ပုဒ်ဟာ ကိုယ့်ရဲ့ Audience အသစ်တွေကိုရောက်ဖို့ဆိုရင် ပိုက်ဆံထပ်သုံးရပါတယ်…Boosting လုပ်ရပါတယ်…

TikTok ရဲ့အားသာချက်ကတော့ Content တစ်ပုဒ်တင်လိုက်ရင် လူအသစ်တွေကိုအနည်းဆုံး 60% လောက်ထိပြပါတယ်…ဒီတော့ ကိုယ့်ရဲ့ Brand ကို မတူညီတဲ့သူတွေများများမြင်ရဖို့ အခွင့်အရေးရှိပါတယ်…Marketing မှာ ကျွန်တော်တို့ရဲ့ Awareness Level ကို မြှင့်ဖို့အတွက် သူက အကောင်းဆုံးပံ့ပိုးပေးနိုင်ပါတယ်…

TikTok တွင် လူကြည့်အများဆုံး Content များ 

တချို့ကလည်းပြောကြပါတယ်…TikTok မှာ ပေါမှ ပေါက်တာတဲ့…တကယ်တော့ စာစကား ပေစကားနဲ့ပြောရရင် Entertainment Content လို့ဆိုရမယ်…လူတွေကိုဖျော်ဖြေမှု ရသ တစ်ခုခုပေးနိုင်ခြင်းက TikTok ရဲ့ အသက်လို့ဆိုရမယ်…ဒါကြောင့် ကိုယ့် Product ကို ရိုးရိုးတန်းတန်းကြီး ပြောတာထက်စာရင် ခံစားမှုရသတစ်ခုခုပေးနိုင်တာမျိုးက ပိုပြီးအလုပ်ဖြစ်ပါလိမ့်မယ်…

Editing Skill ကောင်းသော Content များ 

Brand အကြီးတွေအနေနဲ့ TikTok ကို၀င်တဲ့အခါ Editing Skill ကောင်းကောင်းပြနိုင်ခြင်းက Brand ရဲ့ တန်ဖိုးကိုလည်း ထိန်းရာရောက်ပါတယ်…ဒါဟာ Video Platform ဖြစ်တဲ့အတွက် ကိုယ့် Brand ရဲ့ Image ကို ဒီကနေပဲထိန်းရမှာပါ…တချို့သော Content တွေဟာ Views များပေမယ့် အဲ့ဒီထဲက 80% လောက်ကိုယ့်ရဲ့ ၀ယ်သူမဖြစ်နိုင်ရင် အလကားပါပဲ…ဒါကြောင့် Brand အကြီးတွေအနေနဲ့က Views ကို မမက်ဘဲ Editing Skill မှာသာ ရင်းနှီးမြုပ်နှံသင့်ပါတယ်…

သဘာ၀ကျကျ Content များ 

လူတွေဟာ သဘာ၀ကျတဲ့ Content တွေကိုမြင်တဲ့အခါ ပိုပြီးယုံကြည်မှုရှိပါတယ်…ဥပမာ ကျွန်တော်တို့ ထမင်းပေါင်းအိုးကြော်ငြာမယ်ဆိုပါစို့…ရိုက်ကူးရေးနဲ့သေချာပြင်ဆင်ပြီး ရိုက်တာထက် ဖုန်းနဲ့ပဲ တကယ်ထမင်းအိုးတည်တဲ့ပုံစံကို ရိုက်ပြတာကို လူတွေပိုပြီးယုံကြပါတယ်…တစ်သက်လုံး ကြော်ငြာတွေက ကောင်းတယ်ကြီးအော်လာတာကို မြင်ခဲ့ရတော့ အစစ်အမှန်ပုံစံတွေကို ပိုပြီးအာသီသ ရှိလာကြတဲ့သဘောပါ…

Trend ဖြစ်နေသာ Content များ

ကျွန်တော်ကိုယ်တိုင် အခု TikTok အကြောင်း Blog ရေးနေတယ်ဆိုတာ Trend ကို လိုက်နေတာပါပဲ…လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ဒါမျိုးရေးရင်စိတ်၀င်စားသူနည်းနိုင်ပေမယ့် အခုခေတ်လို လူတိုင်း TikTok ပေါ်ရောက်လာတဲ့အခါမှာတော့ ဒါဟာစိတ်၀င်စားစရာဖြစ်လာတာပါပဲ…

ဒါပေမယ့် Trend တိုင်းဟာ ​Brand တိုင်းနဲ့မကိုက်ပါဘူး…ကိုယ့် Brand နဲ့ ဖြစ်နေတဲ့ Trend လိုက်လား မလိုက်လား ဆိုတာ သေချာဆုံးဖြတ်ပြီးမှ လိုက်စေချင်ပါတယ်…

3 Second Rule

TikTok ရဲ့  Video တွေမှာ အစပိုင်း ၃ စက္ကန့်ကအရေးကြီးပါတယ်…အဲ့ဒီ ၃ စက္ကန့်မှာ လူတစ်ယောက်ရဲ့စိတ်ကို ဆက်ကြည့်ဖို့အတွက်မဆွဲဆောင်နိုင်ဘူးဆိုရင် ကျော်သွားကြမှာပါပဲ..ဒါကြောင့် Content တွေရဲ့ အစပိုင်းကို ဂရုစိုက်ပါ…

Influencer နဲ့ တွဲပါ 

အဓိကကတော့ ကိုယ့် Brand နဲ့ လိုက်ဖက်ညီတဲ့ Influencer ကို ရွေးတတ်ဖို့လိုပါတယ်…Views တွေများသွားပေမယ့် ကိုယ်သုံးတဲ့ Influencer သာ နာမည်ကြီးသွားပြီး ကိုယ့် Brand ကျန်ခဲ့ရင် အလကားပါပဲ…

ဒါပေမယ့် လိုက်ဖက်ညီတဲ့ Influencer ကို သုံးတတ်မယ်ဆိုရင် လူများများဆီကို မြန်မြန်ရောက်နိုင်တဲ့အတွက် အသုံးချသင့်တဲ့ နည်းတစ်ခုပါ…

Edutainment Content 

“နင်ထားသွားတော့ ငါ့မှာရင်ကွဲပက်လက်ပဲ” ကို English လို ဘယ်လိုပြောမလဲ

ဒါမျိုးတွေဆိုတာ Education လဲပါသလို Entertainment လဲပါတဲ့ Content တွေပါ…ကိုယ့် Brand ရဲ့ အကြောင်းတွေကို ဖန်တီးနိုင်စွမ်းရင် ရှိသလောက် ဒီလို Content တွေက အလုပ်ဖြစ်ပါတယ်…

နိဂုံး 

အချုပ်ဆိုရရင် TikTok ဟာ 

Creativity 

Community Engagement နဲ့ 

Cost Effectiveness အစရှိတဲ့

အရာတွေလွှမ်းမိုးတဲ့ ပလက်ဖောင်းတစ်ခုပါ…ဒါကြောင့်လည်း အသက်ငယ်ပိုင်းတွေကို Target ထားမယ်ဆိုရင် လက်လွှတ်လို့မရတဲ့ပလက်ဖောင်းပိုဖြစ်နိုင်ပါတယ်…

အခုဆိုရင် ဒီ Blog ကို ဖတ်ပြီးသွားတဲ့အခါ ပိတ်နေတဲ့တချို့ အတွေးတံခါးတွေ ပွင့်သွားမယ်လို့မျှော်လင့်ပါတယ်…

အဆုံးထိဖတ်သွားတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်…

Sai Lu Sharr (Marketpreneur) 

Maggarative Marketing Group 

ဆင်ပေါက်ဖိနပ် – 1960 

Call Now Button