ကျွန်တော်ဟာ Business တွေ ပိုကောင်းတဲ့ Marketing Decision တွေ ချနိုင်ဖို့ ကူညီပေးတဲ့ Marketpreneur တစ်ယောက်ပါ။
လွန်ခဲ့တဲ့ ၈ နှစ်ကျော်အတွင်း…
ကျွန်တော် Marketing လောကထဲမှာ နေခဲ့ပါတယ်။
Brand တွေကို တည်ဆောက်ခဲ့တယ်။
Campaign တွေ ဖန်တီးခဲ့တယ်။
Business Owner တွေနဲ့အတူ Growth Challenge တွေ ဖြေရှင်းခဲ့တယ်။
Marketer တွေကိုလည်း သင်ပေးခဲ့တယ်။
အပြင်ကကြည့်ရင်…
ကျွန်တော်က Marketing Agency တစ်ခု တည်ဆောက်နေတဲ့ Entrepreneur တစ်ယောက်လို မြင်ရပါတယ်။
ဒါပေမယ့်…
အဲဒီခရီးမှာ ကျွန်တော် နားလည်လာခဲ့တာ တစ်ခုရှိပါတယ်။
ကျွန်တော် တကယ်တည်ဆောက်ချင်တာက Agency ကြီးတစ်ခု မဟုတ်ဘူးဆိုတာပါ။
အစကတော့…
Marketing Agency တစ်ခုကို တည်ဆောက်ရင် အောင်မြင်မယ်လို့ ယုံကြည်ခဲ့တယ်။
Team ကြီးလာမယ်။
Client များလာမယ်။
Revenue ကြီးလာမယ်။
Company ကြီးလာမယ်။
အဲဒါက Entrepreneur တစ်ယောက်ရဲ့ အိပ်မက်လို့ ထင်ခဲ့တယ်။
ဒါကြောင့် Meggarative Marketing Group ကို တည်ဆောက်ခဲ့တယ်။
Strategy, Creative နဲ့ Marketing Execution တွေကို ပေါင်းပြီး Brand တွေကို ကူညီပေးဖို့ ရည်ရွယ်ခဲ့တယ်။
ဒါပေမယ့် Business တစ်ခု တည်ဆောက်ရင်း…
ကျွန်တော် သိလာခဲ့တာက—
Company ကြီးတစ်ခု တည်ဆောက်ခြင်းနဲ့ တန်ဖိုးရှိသောအရာတစ်ခု ဖန်တီးခြင်းက မတူဘူးဆိုတာပါ။
တစ်ခါတလေ…
Business Owner တွေလိုအပ်တာက လူအများကြီးပါတဲ့ Marketing Machine မဟုတ်ပါဘူး။
သူတို့လိုအပ်တာက—
"ဘယ်နေရာကို သွားရမလဲ"
"ဘာကို ဦးစားပေးရမလဲ"
"ဘယ်ဆုံးဖြတ်ချက်က Business ကို ပြောင်းလဲပေးနိုင်မလဲ"
ဆိုတာကို မြင်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်တယ်။
အဲဒီအချိန်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို မေးခဲ့တယ်။ "ငါ တကယ်ပေးနိုင်တဲ့ အကြီးဆုံး Value က ဘာလဲ?" အဖြေက ရှင်းလာခဲ့တယ်။ ကျွန်တော်ရဲ့ အားသာချက်က… Team ကြီးတစ်ခုကို Manage လုပ်တာထက်… ရှုပ်ထွေးတဲ့ Business Problem တွေကို နားလည်ပြီး… Strategy တစ်ခုအဖြစ် ပြောင်းပေးနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ Direction ကို ပြောင်းခဲ့တယ်။
Agency Operator တစ်ယောက်အဖြစ်ကနေ…
Marketing Service Provider တစ်ယောက်အဖြစ်ကနေ…
Strategic Advisor တစ်ယောက်အဖြစ်။
Business Growth Partner တစ်ယောက်အဖြစ်။
ဒီနေ့မှာတော့…
ကျွန်တော် လေ့လာနေတဲ့အရာက တစ်ခုတည်းပါ။
Business တွေ ဘာကြောင့် ကြီးထွားလာသလဲ။
Marketing က ဘာကြောင့် အလုပ်လုပ်သလဲ။
Customer တွေ ဘာကြောင့် ဝယ်ယူကြသလဲ။
Brand တွေ ဘာကြောင့် လူတွေရဲ့ စိတ်ထဲမှာ နေရာယူနိုင်သလဲ။
ကျွန်တော်ကတော့…
ဒီအရာကို ဆက်လေ့လာပြီး မျှဝေသွားမှာပါ။